လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် "ရွှေစံပြ" ကို ဖန်တီးပေး

(GMT+08:00)2022-07-05 16:35:46  

ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံ ပုဂံမြို့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သတ္တမအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးအပြီးတွင် ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အတူ သတင်းထောက်များအား တွေ့ဆုံခဲ့ကြသည်ဟုChina Media Group မှသတင်းအရ သိရပါသည်။

ဝမ်ယိက မြစ်ဝှမ်းတစ်လျှောက်ရှိ ၆ နိုင်ငံတို့မှ ပါဝင်ကြသည့် ပထမဆုံးသော ဒေသငယ် ပူးပေါင်းဆောင်ရွက်မှု စနစ်သစ်အနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့်၆ နှစ်အတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး သိသာထင်ရှားသော အောင်ကျိုးရလဒ်များစွာ ရရှိကာ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအတွက် "ရွှေစံပြ" ကို အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း  ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။