တရုတ်သည် ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် BRICS နှင့် ပတ်သက်သည့် အစည်းအဝေး များနှင့် လှုပ်ရှားမှု ၈၀ ခန့်ကို ကျင်းပမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2022-07-05 12:45:56  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက BRICS ခေါင်းဆောင်များ ဆွေးနွေးပွဲသည် မကြာမီက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် BRICS အလှည့်ကျသဘာပတိနိုင်ငံအနေနှင့် သက်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်နိုင်ငံသည် သက်ဆိုင်ရာအစည်းအဝေးများနှင့် လှုပ်ရှားမှု ၈၀ ခန့်ကို ကျင်းပရန် စီစဉ်ထားကြောင်း၊ တရုတ်ဘက်သည် သက်ဆိုင်ရာဘက်အသီးသီးတို့နှင့် BRICS ခေါင်းဆောင်များ ဆွေးနွေးပွဲ၏ ရလဒ်များနှင့် သဘောတူညီမှုများကို အကောင်အထည် ဖော်ပြီး လက်တွဲကြိုးပမ်းအားထုတ်ရန်၊ BRICS ၏ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ရန် မျှော်လင့်ကြောင်း ဇူလိုင်လ ၄ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။