ဘီလာရုစ်အား အရေးယူမှု အသစ် ဆောင်ရွက်မည်ဟု ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-07-05 16:34:50  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် တစ်ရပ်တွင် ဘီလာရုစ်အား စီးပွားရေး၊ ကုန်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အရေးယူမှု အသစ်ကို ဆောင်ရွက်မည်ဟု ဖော်ပြကြောင်း ရိုက်တာသတင်းဌာန နှင့် TASSသတင်းဌာနတို့မှ သတင်းများကို ကိုးကား၍ CMGက ရေးသားဖော်ပြပါသည်။

ထို့ပြင် ဗြိတိန်အစိုးရသည် ရုရှားနိုင်ငံသား(၆)ဦးကို အရေးယူကြောင်း ကြေညာခဲ့ပြီး ၎င်းတို့သည် သတင်းမှားများ ဖြန့်ခဲ့သည်ဟု ပြောကြားပါသည်။