တရုတ်အာကာသလုပ်ငန်းအား ကန် ဝေဖန်ပြောဆို၊ ယင်းတာဝန်မဲ့ ပြောဆိုချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်ဆို

(GMT+08:00)2022-07-05 12:12:51  

တရုတ်နိုင်ငံမှ ပုံမှန်နှင့် ကျိုးကြောင်းဆီလျော်သော အာကာသလုပ်ငန်းအား အမေရိကန်ဘက် အစိုးရအရာရှိ အချို့သည် အဆက်မပြတ် ဘောင်ခတ်ပြီး ဝေဖန်ပြောဆိုခြင်းအပေါ် တရုတ်နိုင်ငံဘက် အနေနှင့် ယင်းတာဝန်မဲ့ပြောဆိုချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယခုလ ၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရပါသည်။

သက်ဆိုင်ရာသတင်းအရ အမေရိကန်NASAဌာနမှူး နီလ်စိန်က တရုတ်နိုင်ငံ၏ အာကာသစီမံကိန်းသည် စစ်ရေးဆိုင်ရာ စီမံကိန်းတစ်ရပ်ဖြစ်ပြီး လကမ္ဘာကို သိမ်းပိုက်ဖွယ်ရှိကြောင်း၊ တရုတ်အာကာသစခန်း၏တာဝန်သည်  အခြားသူများ၏ ဂြိုလ်တုကို မည်သို့ဖျက်ဆီးရမည်ကို သင်ယူခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။