လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များနှင့်ပက်သက်ပြီး ဝမ်ယိပြောဆို

(GMT+08:00)2022-07-05 16:33:45  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံ ပုဂံမြို့၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သတ္တမအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဦးစီးကျင်းပခဲ့ရာ ယမန်နှစ်က သက်ဆိုင်ရာ ၆ နိုင်ငံတို့သည် တတိယအကြိမ် ထိပ်သီး အစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီမှုများကို တိတိကျကျ အကောင်အထည် ဖော်ဆောင်ခဲ့ကြောင်း၊ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ ပြုလုပ်၍ စီးပွားရေး နာလန်ပြန်ထူလာရေးကို လက်တွဲတွန်းအားပေးခဲ့ကြောင်း၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို ဆက်တိုက် တိုးမြင့်ခဲ့သဖြင့် အောင်ကျိုးရလဒ် များစွာ ရရှိပြီး ဒေသတွင်း တည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး တိုးမြှင့်ရန် အပြုသဘောဘက်မှ အကျိုးဆောင်ခဲ့ကြောင်း ပြောကြားသည်။