ပြည်တွင်းအကြမ်းဖက်အစွန်းရောက်ဝါဒသည် လက်ရှိအချိန်တွင် အမေရိကန်မှ ရင်ဆိုင်နေရသော အကြီးဆုံး အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ကန် နယ်မြေလုံခြုံရေး ဝန်ကြီး ဆို

(GMT+08:00)2022-07-04 16:39:01  

အမေရိကန် နယ်မြေလုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mayorkas က ပြီးခဲ့သော လများအတွင်း အမေရိကန်အစိုးရအာဏာပိုင်များသည် "အလွန် အန္တရာယ်များသော ပတ်ဝန်းကျင်" ကို တွေ့မြင်ခဲ့ရကြောင်း၊ တရားရုံးချုပ်၏ Roe v. Wade တရားစွဲမှု စီရင်ချက်ကို ပယ်ချရန် ဆုံးဖြတ်ချက်ချခဲ့သဖြင့် ယင်းခြိမ်းခြောက်မှုသည် တိုးလာမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှသတင်းအရ သိရပါသည်။

ပြည်တွင်းအကြမ်းဖက်အစွန်းရောက်ဝါဒသည် လက်ရှိအချိန်တွင် အမေရိကန် နိုင်ငံမှ ရင်ဆိုင်နေရသော အကြီးဆုံး အကြမ်းဖက်ခြိမ်းခြောက်မှုများ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း Mayorkas က ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။