ယူကရိန်းသည် G20 ထိပ်သီးအစည်းအဝေးတွင် ပါဝင်မှု ရှိ မရှိဆိုသည်မှာ ရုရှား၏ တက်ရောက်မှုအပေါ် မူတည်မည်ဟု ဇယ်လန်စကီ ဆို

(GMT+08:00)2022-07-04 16:44:28  

ဇူလိုင်လ ၃ ရက်နေ့က ယူကရိန်းသမ္မတ ဇယ်လန်စကီသည် သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီစ်နှင့် တွေ့ဆုံရာတွင် ယူကရိန်းနှင့် အခြားနိုင်ငံများစွာတို့သည် နိုဝင်ဘာလတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် ပါဝင်မှု ရှိ မရှိ ဆိုသည်မှာ ရုရှား၏ တက်ရောက်မှုအပေါ် မူတည်မည်ဖြစ်ကြောင်း၊ ယူကရိန်း၏ ပါဝင်မှုသည် လုံခြုံရေး အခြေအနေကိုလည်း မူတည်မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု ယူကရိန်းသတင်းဌာနမှ သတင်းရရှိပါသည်။