ဝမ်ယိသည် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonnနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2022-07-04 16:28:17  

ဒေသ စံတော်ချိန် ယခုလ ၃ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သတ္တမ အကြိမ် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ် အတောအတွင်း ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး Prak Sokhonnနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

နှစ်ဖက်တို့သည် တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့သည်။ ဝမ်ယိက တရုတ်ပြည်သည် ကမ္ဘောဒီးယားအား အာဆီယံ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အစွမ်းကုန် အားပေးထောက်ခံပြီး အာဆီယံဘက်နှင့် “ခံယူချက် ၃ခု”ကို အတူတကွ စွဲကိုင်လိုကြောင်း၊ ပထမအချက်က အာဆီယံ၏ ဗဟိုချက်မ အဆင့်နေရာကို စွဲကိုင်ပြီး မဟာဗျူဟာ ဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်မှုကို ထိန်းသိမ်းထားကာ ဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းကာကွယ်၍ ဒေသတွင်း လုံခြုံရေး ဦးဆောင်မှုကို စွဲစွဲမြဲမြဲ ချုပ်ကိုင်ထားကြောင်း၊ ဒုတိယ အချက် ကတော့ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူတကွ အောင်မြင်မှု ရရှိရေးကို စွဲကိုင်ပြီး တရုတ်-အာဆီယံ “ဇာတိရပ်ရွာကြီး ၅ခု”တည်ဆောက်ရေးကို ရည်မှန်းချက် အဖြစ် ထားကာ Belt and Road အရည်အသွေး မြင့်မားစွာ အတူတည်ဆောက်ရေးကို တွန်းအားပေးမှု အဖြစ် ထား၍ ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံမှု သဘောတူ စာချုပ်RCEPကို ဘက်စုံ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဆင့် 3.0 တည်ဆောက်ရေးကို အမြန်ဆုံး စတင်ကာ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုများပြားသော သေချာမှုနှင့် အပြုသဘောဆောင်သော အင်အားကို ဆောင်ကြဉ်းလာကြောင်း၊ တတိယ အချက်က အကဲဆတ်သော ပြဿနာများကို သင့်လျော်ပြေလည်စွာ ကိုင်တွယ်ဖြေရှင်းရန် စွဲကိုင်ပြီး အပြန်အလှန် အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် အဓိက အခြေခံ အနှစ်သာရကို စွဲကိုင်ကာ မိမိတို့ ဒေသတွင် အုပ်စုဖွဲ့စည်းခြင်း၊ ရန်ဘက်ပြုမှု၊သွေးကွဲမှုနှင့် ခုခံယှဉ်ပြိုင်မှု ပြုလုပ်မှုကိုဆန့်ကျင်၍ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို နိုင်ငံကြီးများ အကြား ပြိုင်ဆိုင်ရာနေရာ အဖြစ် လုပ်ရန်ကိုကန့်ကွက်ကြောင်း ပြောကြားသည်။