ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ခရီးသည်တင် ကားတစ်စီး ချောက်ထဲ ထိုးကျသောကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-07-04 16:42:39  

ဇူလိုင်လ ၃ ရက်နေ့က ပါကစ္စတန်နိုင်ငံ Balochistanပြည်နယ် ရှယ်ရာနီ ဒေသအနီးတဝိုက်တွင် ခရီးသည်တင်ကားတစ်စီး ချောက်ထဲ ထိုးကျရာ နေရာ၌ လူများ စုဝေးခဲ့ကြပါသည်။

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်တွင် ၃ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင် ကားတစ်စီး ချောက်ထဲ ထိုးကျမှု ဖြစ်ပွားခဲ့သောကြောင့် လူ(၁၉)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာမှ ထုတ်ပြန်ချက်အရ သိရပါသည်။