အိုဟိုင်းယိုးပြည်နယ်တွင် အာဖရိကအနွယ်ဖွား အမေရိကန်အမျိုးသားတစ်ဦးကို ရဲများက ပစ်သတ်

(GMT+08:00)2022-07-04 16:38:19  

အမေရိကန် အိုဟိုင်းယိုးပြည်နယ် Akron မြို့တွင် အသက်၂၅နှစ်အရွယ် အာဖရိကအနွယ်ဖွား အမေရိကန်နိုင်ငံသား ဂလန်းဒ် ဝေါခ်သည် ရဲအများအပြားမှ အချက် သုံးလေးဆယ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ အခင်းဖြစ်ပွားချိန်က ရဲများ၏မှတ်တမ်းဗီဒီယိုဖိုင်ကို ၃ရက်နေ့တွင် ဒေသဆိုင်ရာရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ဗီဒီယိုဖိုင်တွင် ဝေါခ်သည် ထွက်ပြေးနေစဉ် ရဲ ၈ဦး၏ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း တွေ့ရှိရသည်။