“ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် လိုက်လျောညီထွေသော အလုပ်များ ဆိုင်ရာ အဖြစ်မှန် သုံးသပ်ချက်များ” အစီရင်ခံစာကို ထုတ်ပြန်

(GMT+08:00)2022-07-04 16:29:26  

ယခုလ ၄ရက်နေ့ နံနက်ပိုင်းက ရှင်းကျန်းတက္ကသိုလ်သည် ၄င်း၏ ရုံးသုံးဝက်ဘ်ဆိုက် မှတစ်ဆင့် အင်္ဂလိပ်ဘာသာဖြင့် “ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် လိုက်လျောညီထွေသော အလုပ်များ ဆိုင်ရာ အဖြစ်မှန် သုံးသပ်ချက်များ”ဟူသော သီးခြားလွတ်လပ်သော  သုတေသနပြု အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

သုတေသနအဖွဲ့သည် ကွင်းဆင်းလေ့လာပြီး သီအိုရီ၊ အဖြစ်မှန်၊ အချက်အလက်နှင့် သေချာသော အကဲဖြတ်သုံးသပ်ခြင်းများဖြင့် ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ အလုပ်လုပ်ကိုင်ခြင်း ဆိုင်ရာ စစ်မှန်သော အခြေအနေကို ပကတိအတိုင်း ဖော်ပြခြင်း ဖြစ်သည်။

၎င်းအစီရင်ခံစာတွင် ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ အလုပ်လုပ်ကိုင်ခြင်းသည် ၄င်းတို့၏ လိုအင်ဆန္ဒနှင့် ကိုက်ညီပြီး လော့ဂျစ်နည်းကျသော လမ်းညွှန်မှု အောက်တွင် မိမိဆန္ဒဖြင့် အလိုအလျောက် ပြုလုပ်သော ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ အလုပ်လုပ်ကိုင်ခြင်းသည် ဆင်ခြင်မှုရှိသော ရည်ရွယ်ချက်ဖြင့် မိမိဆန္ဒဖြင့် အလိုအလျောက် ရွေးချယ်သည့် ဆိုရှယ် ဆောင်ရွက်မှု ဖြစ်ကြောင်း၊ ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ၏ အလုပ်လုပ်ကိုင်ခြင်းနှင့် အလုပ်အကိုင် နေရာ ချထားခြင်း အခြေအနေသည် လူမှု ခေတ်မီရေး ဖွံ့ဖြိုးတိုးတက်ခြင်း ဆိုင်ရာ ဧကန်မလွဲ ဖြစ်ပေါ်လာမည့် အလားအလာနှင့် သဘာဝ ဖြစ်စဉ်နှင့် ကိုက်ညီကြောင်း ရေးသားဖော်ပြသည်။