ကိုပင်ဟေဂင် သေနတ်ပစ်ခတ်မှုသည် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြစ်သည်ဟု ဒိန်းမတ်ဝန်ကြီးချုပ် ဆို

(GMT+08:00)2022-07-04 16:40:38  

ဒိန်းမတ်ဝန်ကြီးချုပ် Fraser Ricksen က ယမန်နေ့ ၃ ရက်နေ့ညက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ပြီး ယင်း ပစ်ခတ်မှုသည် ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု ဒိန်းမတ် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနက ၄ ရက်နေ့က ကြေညာပါသည်။ Fraser Ricksen က ဒိန်းမတ် နိုင်ငံ တွင် တနင်္ဂနွေနေ့ညက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူပေါင်းများစွာ သေကျေအနာတရ ဖြစ်ခဲ့ရကြောင်း၊ သေဆုံးသူများ၏ ကျန်ရစ်သူများအား အလေးအနက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြချင်သည်ဟု ပြောကြားပါသည်။

ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့က ကိုပင်ဟေဂင် Amager ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ အများအပြား သေကျေဒဏ်ရာ ရရှိခဲ့ပြီး အသက် ၂၂နှစ် အရွယ် သံသယရှိသူ တစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဒိန်းမတ်ရဲဘက်က ဖော်ပြပါသည်။