ယူနန်ပြည်နယ် နယ်စပ်ရဲများသည် ၂၅ ကီလိုဂရမ် ဖြစ်သည့် မြန်မာ စပါးအုံးမြွေ တစ်ကောင်ကို ကယ်တင်ပေး

(GMT+08:00)2022-07-04 16:32:53  

   ဇူလိုင်လ ၁ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပနား နယ်စပ် စီမံအုပ်ချုပ်ရေးတပ်ဖွဲ့ မုန်လုံ နယ်စပ်ရဲဌာနသည် မြန်မာစပါးအုံး မြွေတစ်ကောင်ကို ကယ်တင်ပေးခဲ့ပါသည်။ ယင်းစပါးအုံးမြွေသည် ၃ မီတာ ရှည်ပြီး အလေးချိန် ၂၅ ကီလိုဂရမ် ဖြစ်ကာ နိုင်ငံတော် ပထမအဆင့် ကာကွယ်ရေး တိရစ္ဆာန် ဖြစ်ပါသည်။ ယခု ယင်း ဧရာမ မြန်မာစပါးအုံးမြွေ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး ဒေသခံ သစ်တော လုံခြုံရေးဌာသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီ ဖြစ်ကာ သစ်တော လုံခြုံရေးဌာနသည် ယင်းစပါးအုံးကို သဘာဝသို့ ဘေးမဲ့လွှတ်သွားမည်ဖြစ်သည်။