အနောက်တိုင်းနိုင်ငံများက ယူကရိန်းစစ်ပွဲ ရပ်စဲရန် ခွင့်မပြုကြောင်း ရုရှားသမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူးဆို

(GMT+08:00)2022-07-04 16:36:22  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ရက်နေ့က ရုရှားသမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူး ဖေစ်ကိုဖ်က အနောက်တိုင်းနိုင်ငံများသည် လက်ရှိအချိန်တွင် စစ်ပွဲ ဆက်လက်တည်ရှိရန် မျှော်လင့်ပြီး ယူကရိန်းအား စစ်ပွဲ ရပ်စဲရန် ခွင့်မပြုကြောင်း၊ ထိုထက်မကဘဲ အမေရိကန်ဦးဆောင်သော အနောက်တိုင်းနိုင်ငံများသည် ယူကရိန်းအား ငြိမ်းချမ်းရေးဆိုင်ရာပြဿနာကို စဉ်းစားမှုနှင့် ဆွေးနွေးမှုကို ခွင့်မပြုကြောင်း၊ ဥရောပနိုင်ငံများမှ ခေါင်းဆောင်တို့သည် ဦးဆောင်မှု ချို့တဲ့သောကြောင့် နိုင်ငံတော် အကျိုးစီးပွား၏ လမ်းညွှန်မှုအတိုင်းသာ ဆောင်ရွက်ပြီး ရေစုန်မျောနိုင်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။