တရုတ်ကြက်ခြေနီအသင်းမှ အာဖဂန်နစ္စတန်IFRC အား ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

(GMT+08:00)2022-07-04 16:30:30  

အာဖဂန်နစ္စတန် IFRC အတွက် တရုတ်ကြက်ခြေနီအသင်းမှ ထောက်ပံ့သော ငလျင်ကယ်ဆယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယခုလ ၃ ရက်နေ့က ကဘူးလ်မြို့ရှိ အာဖဂန်နစ္စတန် IFRCဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း၊ အာဖဂန်နစ္စတန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ရွေ၊ အာဖဂန်နစ္စတန် IFRC အသင်းဥက္ကဋ္ဌ ဟာရီစ်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ဝမ်ရွေက တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန် ငလျင်ဘေးကို လွန်စွာ အာရုံစိုက်ပြီး လျင်မြန်စွာ တုံ့ပြန်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန်တွင် ငလျင် ဖြစ်ပွါးပြီးနောက် တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန် အတွက် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ထောက်ပံ့မှု များစွာ ပံ့ပိုးခဲ့ပြီး အာဖဂန်နစ္စတန်အား ထောက်ပံ့မှု အများဆုံး၊ လက်တွေ့အကျဆုံးနှင့် အမြန်ဆုံး ပေးအပ်သည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။