ရယ်စရာကောင်းသည်၊ ပြည်တွင်း တကွဲတပြား ဖြစ်နေသည့် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးသမားများ ဟောင်ကောင်တွင် ဝင်ရောက်စွက်ဖက်ရန် ကြံစည်နေ

(GMT+08:00)2022-07-03 14:14:49  

ဟောင်ကောင် အမိရင်ခွင်သို့ ပြန်လည် ဝင်ရောက်သည့် ၂၅နှစ်ပြည့် အခါသမယတွင် ဗြိတိန် ဝန်ကြီးချုပ် Boris Johnsonနှင့် နိုင်ငံခြားရေးဝန်ကြီး Liz Trussသည် မိန့်ခွန်းပြောကြား(သို့) ကြေညာချက် ထုတ်ပြန်ရာ “တရုတ်-ဗြိတိန် ပူးတွဲ ကြေညာချက်”အောက်တွင် ဗြိတိန်ဘက်သည် ဟောင်ကောင်သူ ဟောင်ကောင်သားများ အပေါ် “သမိုင်းပေး တာဝန်” ရှိကြောင်း၊ “ဟောင်ကောင်ကို လက်လွတ်ခံမည် မဟုတ်ကြောင်း”စသည်များကို ဖော်ပြသည်။ ယင်းရယ်စရာကောင်းသည့် နိုင်ငံရေး ပြသမှုများသည် ယခင်က ကိုလိုနီသမား ဖြစ်သည့် ဗြိတိန်အနေနှင့် “the empire on which the sun never sets” နေမ၀င် အင်ပါယာ ၏ စောစောကပင် တောင်စွယ်မှာ ကွယ်တော့မည့်နေ ဖြစ်သကဲ့သို့ ဖြစ်ခြင်းကို လက်မခံနိုင်ခြင်းကို ရောင်ပြန်ထင်ဟပ်နေသည်။ ဗြိတိန်နိုင်ငံသည် ဟောင်ကောင် အပါအဝင် တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရန် နေ့ခင်းကြောင်တောင်တွင် အိပ်မက်မက်နေသည်။

၁၉၈၄ခုနှစ် ဒီဇင်ဘာလက တရုတ်နှင့် ဗြိတိန် အစိုးရတို့သည်  “တရုတ်-ဗြိတိန် ပူးတွဲ ကြေညာချက်”ကို ချုပ်ဆိုခဲ့သည်။ ၄င်းပူးတွဲကြေညာချက်၏ အမြုတေ အချက်အလက်မှာ တရုတ်ပြည်သည် ဟောင်ကောင် အပေါ် အချုပ်အခြာ အာဏာကို ပြန်လည် ကျင့်သုံးခြင်းပင် ဖြစ်သည်။ ၄င်းပူးတွဲ ကြေညာချက်အရ ၁၉၉၇ခုနှစ် ဇူလိုင်လ ၁ရက်နေ့က ဟောင်ကောင် အမိရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် နောက်ပိုင်းတွင် ဗြိတိန်သည် ဟောင်ကောင် အပေါ် အချုပ်အခြာ အာဏာ မရှိ၊ စီမံအုပ်ချုပ်ပိုင်ခွင့် မရှိ၊ ကြီးကြပ်ပိုင်ခွင့်လည်း မရှိကြောင်း သတ်မှတ်ထားသည်။ တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် လက်ရှိ ဗြိတိန် နိုင်ငံသည် ဟောင်ကောင်ရေးရာတွင် မည်သည့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့်မှ မရှိပေ။

ဟောင်ကောင် ဖွံ့ဖြိုးတိုးတက်တာ ကောင်း မကောင်းဆိုသည်မှာ အဖြစ်မှန်က အကောင်းဆုံး သက်သေအထောက်အထား ဖြစ်သည်။ ဟောင်ကောင်သည် တစ်ကမ္ဘာလုံးတွင် အလွတ်လပ်ဆုံး စီးပွားရေး အုပ်စုဖြစ်ပြီး နိုင်ငံတကာ ငွေကြေးစင်တာ၊ နိုင်ငံတကာ ရေကြောင်းသယ်ယူပို့ဆောင်ရေး စင်တာနှင့် နိုင်ငံတကာ ကုန်သွယ်ရေး စင်တာလည်း ဖြစ်သည်။ ဟောင်ကောင်သည် တစ်ကမ္ဘာလုံး မြင်တွေ့နိုင်သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ ရရှိပြီး “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” မူဝါဒသည်လည်း  ဟောင်ကောင်တွင် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုကြသော အောင်မြင်မှု ရရှိသည်။ လက်ရှိဟောင်ကောင် လူ့ဘောင်အဖွဲ့အစည်းများတွင် “တိုင်းချစ်ပြည်ချစ် ဟောင်ကောင်ချစ်”သည် အဓိက ဘုံအမြင်သဘော ဖြစ်လာပြီ ဖြစ်၍ ယခင်က ကိုလိုနီသမား၏ မကောင်းမှုပြုလုပ်ရန် ကြံစည်ချက်သည် ထမြောက်အောင်မြင်မည် မဟုတ်ပေ။

ဗြိတိန် ပြည်တွင်းတွင် Scotland လွတ်လပ်ရေး ဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် အသံ ကျယ်လောင်လာနေသည်။ တစ်ချိန်တည်းတွင် Northern Ireland၏ ဗြိတိန်မှ ထွက်ခွါရန် တောင်းဆိုချက်သည်လည်း ဗြိတိန် အစိုးရအား ခေါင်းကိုက်စေသည်။ လက်ရှိအချိန်တွင် Boris Johnsonနှင့် Liz Trussမှ ဖော်ပြချက်များ၏ ရည်ရွယ်ချက်မှာ ပြည်တွင်း ပဋိပက္ခ အပေါ် လူအများ၏ အာရုံစူးစိုက်မှုကို အာရုံပြောင်းပေးပြီး အပြစ်လွှဲချရန်ပင်ဖြစ်သည်။

    ဟောင်ကောင်သည် တရုတ်ပြည်၏ ဟောင်ကောင်ဖြစ်၍ ဗြိတိန်နှင့် မည်သည့် ဆက်စပ်မှုမျှ မရှိပေ။