" တရုတ်သူလျှိုဟူ၍ ဗြိတိန်မီဒီယာမှ သတင်းထုတ်ပြန်ချက်"ရေးရာ အပေါ် ဗြိတိန်ဆိုင်ရာ တရုတ်သံရုံး တုံ့ပြန်ပြောဆို

(GMT+08:00)2022-07-03 14:14:20  

ယခုလ ၂ ရက်နေ့က ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက တရုတ်သူလျှို ဟူ၍ Financial Times ၏ သတင်းထုတ်ပြန်ချက်ရေးရာ အပေါ် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ ၄င်းက ဗြိတိန် မီဒီယာ၏ သက်ဆိုင်ရာသတင်းထုတ်ပြန်ချက်သည် တရုတ်အစိုးရအပေါ် မလိုမုန်းထား စိတ်ဖြင့် စွပ်စွဲပြောဆိုခြင်းဖြစ်ပြီး၊ တရုတ်ကျောင်းသားများကို ညစ်ညမ်းရေဖြင့် လောင်းချခြင်းနှင့် သတင်းမီဒီယာများ၏ တရားမျှတမှု၊ သမာသမတ်ကျမှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှု စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ကာ၊ လီဆယ်လုပ်ကြံပြောဆိုခြင်း သက်သက်ပင် ဖြစ်ကြောင်း၊ တရုတ်ပြည်အနေနှင့် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။