ပီကင်း Shougang နှင်းလျှောစီးခုန်စင် စထွက်ရာနေရာသို့ ကြည့်ရှုလှည့်လည်မှု ပြန်လည် စတင်

(GMT+08:00)2022-07-03 14:15:09  

ဇူလိုင်လ ၂ ရက်နေ့က ခရီးသွားများသည် ပီကင်း Shougang နှင်းလျှောစီးခုန်စင်သို့ လှည့်လည်ခဲ့ကြသည်။ ထိုနေ့က Shougang နှင်းလျှောစီးခုန်စင်၏ စထွက်ရာနေရာကို လှည့်လည်ကြည့်ရှုခြင်းကို ပြန်လည်စတင်ခဲ့သည်။ ခရီးသွားများက Shougang နှင်းလျှောစီးခုန်စင်မှ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲလမ်းကြောင်းနှင့် ပြိုင်ပွဲဇုန်ရှုခင်းကို ကြည့်ရှုပြီး အားကစားသမားတို့၏ ရှုထောင့်ကို ခံစားကြသည်။