ကန်နိုင်ငံ နယူးယောက်ပြည်နယ်သည် သေနတ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်သစ်ကို ကျင့်သုံး

(GMT+08:00)2022-07-03 14:16:17  

အမေရိကန် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကယ်သီ ဟိုချူလ်သည် ယခုလ ၁ရက်နေ့က သေနတ် ထိန်းချုပ်ရေး ဥပဒေသစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၄င်းဥပဒေသစ်တွင် နယူးယောက် ပြည်နယ်ရှိ “အကဲဆတ်သော နေရာများ”သေနတ်ကိုင်ဆောင်ရန် ပိတ်ပင်ထားကြောင်း၊ သေနတ် ပိုင်ဆိုင်ရန် လျှောက်ထားသူများသည် ပိုမိုများပြားသည့် လေ့ကျင့်မှု ပြုလုပ်ပြီး အစိုးရထံသို့ စိစစ်ရန်အတွက် ဆိုရှယ်မီဒီယာ အကောင့်ကို ပေးအပ်ရမည်ဟု သတ်မှတ်ထားကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။