ဂျပန်တွင် ရက်ပေါင်းများစွာ အပူချိန် မြင့်မားမှုကြောင့် တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓါတ်အား ချွေတာရေး လှုပ်ရှားမှုကို စတင်

(GMT+08:00)2022-07-03 14:16:53  

    ပူပြင်းသော ရာသီဥတုနှင့် မီးအားသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ သက်တမ်းရင့်မှု ကြောင့် ဂျပန်နိုင်ငံသည် ယခုနှစ် နွေရာသီတွင် လျှပ်စစ်ဓါတ်အားထောက်ပံ့ရေး ချို့တဲ့မှုကို ဆက်တိုက် ကြုံတွေ့နိုင်မည်ဖြစ် ပါသည်။ ထို့ကြောင့် ဂျပန်အစိုးရသည် တစ်နိုင်ငံလုံးတွင် ပြည်သူများနှင့် လုပ်ငန်း ကုမ္ပဏီများ ပူးပေါင်းပါဝင်ကြသော လျှပ်စစ်ဓါတ်အား ချွေတာရေး လှုပ်ရှားမှုကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၃ လကြာ ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းသည် ၂၀၁၅ခုနှစ် ပြီးနောက် ဂျပန်နိုင်ငံသည် နိုင်ငံလုံးဆိုင်ရာ လျှပ်စစ်ဓါတ်အား ချွေတာရေး လှုပ်ရှားမှုကို ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်ခြင်းဖြစ်ပါသည်။