တရုတ်-လာအို-ထိုင်းရထားလမ်း အပြန်အလှန်ချိတ်ဆက်မှု အကောင်အထည်ပေါ်လာပြီ

(GMT+08:00)2022-07-02 16:28:09  

ဇူလိုင်လ ၁ ရက်နေ့က တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်း တောင်ဘူတာရုံရှိ ချိန်းပြောင်းကွင်းကို တရားဝင် စတင်အသုံးပြုပြီး၊ ပထမအသုတ် နယ်စပ်ဖြတ်ကျော် ကွန်တိန်နာ ကုန်စည်များကို စံရထားနှင့်မီတာရထားများအကြား ချိန်းပြောင်းပြီးနောက်၊ ထိုင်းနိုင်ငံသို့ ဦးတည်ပြေးဆွဲ သွားခဲ့သည်။ ယင်းသည် တရုတ်-လာအို-ထိုင်းရထားလမ်း အပြန်အလှန် ချိတ်ဆက်မှု အကောင်အထည် ဖော်ဆောင်ခြင်းနှင့် ကုန်း၊ ရေကြောင်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေး၊ နိုင်ငံတကာ ကုန်စည်စီးဆင်း ပို့ဆောင်ရေး လမ်းကြောင်း များ ပိုမိုအဆင်ပြေလာခြင်းကို ဖော်ပြသည်။