ဟောင်ကောင်သို့ ရှီကျင့်ဖိန်သွားရောက်စစ်ဆေးကြည့်ရှုခြင်းသည် မည်သည့် အရေးကြီး အချက်များကို ပြလိုက်သနည်း

(GMT+08:00)2022-07-02 16:24:42  

ဇူလိုင်လ ၁ ရက်နေ့သည် ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ဇွန်လ ၃၀ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟောင်ကောင်သို့ ရောက်ရှိပြီး လှုပ်ရှားမှုပွဲများသို့ တက်ရောက်ခဲ့သည်။ ဟောင်ကောင်သို့ ရှီကျင့်ဖိန် သွားရောက်စစ်ဆေးကြည့်ရှုခြင်းသည် မည်သည့် အရေးကြီး အချက်များကို ပြလိုက်သနည်း။

ဟောင်ကောင် West Kowloon high-speed rail station တွင် ကျင်းပခဲ့သော ကြိုဆိုပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ရှီကျင့်ဖိန်သည် ရင်ဖွင့်သံ ၃ ခုကို ဖော်ပြခဲ့သည်။ ပထမ အချက်က ဂုဏ်ပြုခြင်း ဖြစ်ပြီး ဒုတိယ အချက်ကတော့ သတိရတမ်းတခြင်း ဖြစ်ကာ တတိယအချက်က ယုံကြည်မှု ဖြစ်သည်။

ရှီကျင့်ဖိန်က Hong Kong Science Park တွင် စစ်ဆေးကြည့်ရှုရာ၌ ဟောင်ကောင်သည် ကိုယ့်အားသာချက်ကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းရှိ ဆန်းသစ်တီထွင်မှု အရင်းအမြစ်များကို စုစည်းကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး အဆင့်မြင့်ဒေသကိုတည်ဆောက်ဖို့ အားထုတ်ကြိုးပမ်းရန် မိမိ မျှော်လင့်ကြောင်း ပြောကြားသည်။