တောင်ကိုရီးယား မြန်နှုန်းမြင့်ရထား လမ်းချော်မှုတွင် လူ ၁၁ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-07-02 16:35:50  

ဇူလိုင်လ ၁ ရက်နေ့ ၁၅ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ကိုရီးယား ဘူဆန်-ဘူတာမှ ဆိုးလ် ရွှေရှီ-ဘူတာအထိ မြန်နှုန်းမြင့်ရထား (SRT) ၃၃၈ ရထားသည် Daejeon Gym ဘူတာအနီးတွင် လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။   

တောင်ကိုရီးယား မြေယာနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနသည် မီးရထား မတော်တဆဖြစ်မှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာအဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။