ကန်ပြည်သူ (၇)သိန်း (၈)သောင်းကျော်သည် ပန်ကြားလွှာကို လက်မှတ်ရေးထိုးပြီး ကန် ပြည်ထောင်စုလွှတ်တော် တရားသူကြီးအား စွပ်စွဲပြစ်တင်ရန် တောင်းဆိုကြ

(GMT+08:00)2022-07-02 16:29:12  

ဒေသစံတော်ချိန် ဇွန်လ ၁ ရက်နေ့ည အထိ အမေရိကန်ပြည်သူ (၇)သိန်း (၈)သောင်း (၆)ထောင်ကျော်သည် ပန်ကြားလွှာကို လက်မှတ်ရေးထိုးကြပြီး အမေရိကန် ပြည်ထောင်စု လွှတ်တော် တရားသူကြီး ကလာရိန်စ် တိုမာစ်အား စွပ်စွဲပြစ်တင်ရန် တောင်းဆိုကြကြောင်း The Hill သတင်းစာမှ ထုတ်ပြန်ချက်အရ သိရပါသည်။

တိုမာစ်သည် ကိုယ်ဝန်ဖျက်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေ အခွင့်အရေး တည်ရှိမှုကို ငြင်းပယ်ကြောင်း၊ ထို့အပြင်၊ တိုမာစ်သည် လွှတ်တော်အဆောက်အအုံ၌ ဆူပူမှုဆိုင်ရာမှုခင်းများကို လွှဲရှောင်ခြင်း မရှိကြောင်း၊ အဆိုပါလုပ်ရပ်များသည် တိုမာစ်က တရားမျှတသော ပြည်ထောင်စု လွှတ်တော်တရားသူကြီးအဖြစ် မထမ်းဆောင်နိုင်ကြောင်း ဖော်ပြသည်ဟု ယင်းပန်ကြား လွှာတွင် ရေးသားဖော်ပြပါသည်။