ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အား ရှီကျင့်ဖိန် ကြည့်ရှု စစ်ဆေး

(GMT+08:00)2022-07-02 16:23:18  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဟောင်ကောင်ဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အား ကြည့်ရှုစစ်ဆေးခဲ့ ရာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင်ကိုယ်စား ဟောင်ကောင်ဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်မှူး၊တပ်သား များအား နှစ်သိမ့် အားပေးခဲ့ပါသည်။

ရှီကျင့်ဖိန် က ဟောင်ကောင်ဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနေဖြင့် ဘက်စုံတည်ဆောက်ရေးကို အားသစ်လောင်းပေးပြီး တာဝန်ထမ်းဆောင်ရန် စွမ်းရည်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ဟောင်ကောင်ဒေသ၏ ရေရှည် သာယာဝပြောရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်၊ “တိုင်းပြည်တစ်ပြည်စနစ် နှစ်မျိုး”ကို ဟောင်ကောင်ဒေသတွင် ရေရှည်တည်ငြိမ်စွာ ကျင့်သုံးရန်အတွက် ပိုမို ကြီးမားသော စွမ်းဆောင်မှုပြုရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။