မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

(GMT+08:00)2022-07-01 15:24:06  

ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးလှည့်လည်နေသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးပရာဆိုခွန်သည် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

နှစ်ဦးနှစ်ဖက်တို့သည် အာဆီယံနှင့် သဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာများကို စေ့စပ်ဆွေးနွေးခဲ့ကြသည်။ ပရာဆိုခွန်သည် မြန်မာခရီးစဉ်အတွင်း ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဟု သတင်းအရ သိရသည်။