ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ ဒီမိုကရေစီစနစ်သည် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး ပေါ်လစီနှင့် ကိုက်ညီသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-07-01 13:15:42  

        တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁ ရက်နေ့က ဟောင်ကောင်ဒေသ အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ရောက်ရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမ အကြိမ်မြောက် အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် မိန့်ခွန်းပြောကြားခဲ့ရာ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ ဒီမိုကရေစီစနစ်သည် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး ပေါ်လစီ၊ ဟောင်ကောင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ပါ အနေအထားတို့နှင့် ကိုက်ညီပြီး ဟောင်ကောင်သားများ၏ ဒီမိုကရေစီ အခွင့်အရေးကို ကာကွယ်ပေးရန်၊ ဟောင်ကောင်ဒေသ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းပေးရန်အတွက် အကျိုးရှိကာ ရှေ့အလားအလာ ကောင်းမွန် ကြောင်း ပြောကြားသည်။

       ရှီကျင့်ဖိန်က ဟောင်ကောင်ဒေသ အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ရောက်လာ ပြီးနောက် ဟောင်ကောင်သူဟောင်ကောင်သားများက ဟောင်ကောင်ကို စီမံအုပ်ချုပ်ရေး၊ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကျင့်သုံး၍ ဟောင်ကောင်၏ စစ်မှန်သော ဒီမိုကရေစီစနစ် စတင်ကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေ ချမှတ်ပြီး ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၌ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရေး စနစ်ကို ချမှတ်၍ ဟောင်ကောင်၏ ရွေးကောက်ပွဲ စနစ် ပိုမို ပြည့်စုံကောင်းမွန်လာအောင် ပြင်ဆင် ဆောင်ရွက်ကာ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များက ဟောင်ကောင်ကို စီမံအုပ်ချုပ်ရေးမူကို အကောင်အထည် ဖော်ဆောင်ရန် အာမခံပေးကြောင်း ပြောကြားပါသည်။