ဝမ်ယိသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သတ္တမ အကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ ဂျီ-၂၀ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတို့ကို တက်ရောက်ပြီး အရှေ့တောင်အာရှ လေးနိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00)2022-07-01 19:14:53  

  ဇူလိုင်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သတ္တမ အကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ကြီးမှူးကျင်းပမည် ဖြစ်ပြီး ဖိတ်ကြားချက်အရ ဂျီ-၂၀ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် အင်ဒိုနီးရှားသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ပြီး တရုတ်နှင့် အင်ဒိုနီးရှား အဆင့်မြင့် ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစနစ် ဒုတိယအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း၊ ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ တရုတ်နှင့် ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်ရေး ညွှန်ကြားရေးကော်မတီ ၁၄ ကြိမ်မြောက် အစည်းအဝေးနှင့် တရုတ်နှင့် ကမ္ဘောဒီးယာ အစိုးရချင်း ညှိနှိုင်းရေးကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။