“တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များက ဟောင်ကောင်ကိုစီမံအုပ်ချုပ်ရေး”ကို လက်တွေ့ ဖေါ်ဆောင်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-07-01 14:34:52  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့က ကျင်းပသော ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမ အကြိမ်မြောက် အစိုးရ တာဝန်ထမ်းဆောင်ရေး အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ “တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များက ဟောင်ကောင်ကိုစီမံအုပ်ချုပ်ရေး”ကို လက်တွေ့ ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ စီမံအုပ်ချုပ်ရေးကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်းသည် ဟောင်ကောင်၏ သာယာ ဝပြောရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၊ ဟောင်ကောင်သား ၇ သန်းကျော်တို့၏ အရင်းခံအကျိုးစီးပွားများကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က နိုင်ငံရေးစီမံအုပ်ချုပ်မှုသည် တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များ၏ လက်ထဲတွင် ပိုင်ဆိုင်ရမည်ဖြစ်ပြီး ယင်းသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း နိုင်ငံရေးမူ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံနှင့်ဒေသမှ ပြည်သူများသည် အမိနိုင်ငံကို မချစ်သော၊ အမိနိုင်ငံကိုရောင်းစားသည့်၊ အမိနိုင်ငံအပေါ်သစ္စာဖောက်သော အင်အားနှင့် လူများအား နိုင်ငံရေးစီမံအုပ်ချုပ်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ဟောင်ကောင်၏ အရင်းခံအကျိုးစီးပွားသည် နိုင်ငံ၏ အရင်းခံ အကျိုးစီးပွားနှင့် တူညီပြီး  တရုတ်ဗဟိုအစိုးရနှင့် ဟောင်ကောင် မွေးချင်းပေါက်ဖေါ်များသည် တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။