တရုတ်-လာအိုရထားလမ်း၏ ဗီယင်ကျန်းတောင်ဘူတာရုံရှိ ချိန်းပြောင်းကွင်းကို ဇူလိုင်လ ၁ ရက်တွင် စတင် အသုံးပြု

(GMT+08:00)2022-07-01 15:25:56  

ပီကင်းစံတော်ချိန် ဇူလိုင်လ ၁ ရက်နေ့က တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်း တောင်ဘူတာရုံရှိ ချိန်းပြောင်းကွင်းကို တရားဝင် စတင်အသုံးပြုပြီး၊ ပထမအသုတ် နယ်စပ်ဖြတ်ကျော် ကွန်တိန်နာကုန်စည်များကို စံရထားနှင့်မီတာရထားများအကြား ချိန်းပြောင်းပြီးနောက်၊ ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းသို့ ဦးတည် ပြေးဆွဲသွားခဲ့သည်။ ယင်းသည် တရုတ်-လာအို-ထိုင်းရထားလမ်း အပြန်အလှန် ချိတ်ဆက်မှု အကောင်အထည် ဖော်ဆောင်ခြင်းနှင့် ကုန်း၊ ရေကြောင်း ပေါင်းစပ်သယ်ယူပို့ဆောင်ရေး၊ နိုင်ငံတကာ ကုန်စည်စီးဆင်းပို့ဆောင်ရေးလမ်းကြောင်းများ ပိုမိုအဆင်ပြေလာခြင်း အမှတ်အသား ဖြစ်သည်ဟု China Media Group မှသတင်းအရ သိရသည်။