“တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” လို စနစ်ကောင်းကို ပြောင်းလဲရန် အကြောင်းမရှိဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-07-01 13:29:31  

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁ ရက်နေ့က မိန့်ခွန်း ပြောကြားရာတွင် “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” သည်  အကြိမ်ကြိမ်  လက်တွေ့ ကျကျ စမ်းသပ်ခံရပြီး တိုင်းပြည်နှင့် အမျိုးသား၏ အခြေခံအကျိုးစီးပွားများနှင့် ကိုက်ညီကာ ဟောင်ကောင်နှင့် မကာအို၏ အခြေခံအကျိုးစီးပွားများနှင့်လည်းကိုက်ညီ၍ ၁.၄ ဘီလီယံကျော် ပြည်သူများ၏ထောက်ခံမှုကိုရရှိထားပြီး ဟောင်ကောင်နှင့် မကာအိုမှ ပြည်သူများ၏ တညီတညွတ်တည်းထောက်ခံမှုကိုလည်း ရရှိသည့်အပြင် နိုင်ငံတကာ မိသားစုကြီးကလည်း ၄င်းကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြကြောင်း၊ ယင်းစနစ်ကောင်းကို ပြောင်းလဲရန် အကြောင်းမရှိ၍ အချိန်ကြာရှည်စွာ ကျင့်သုံးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။