ရှီကျင့်ဖိန်သည် ဟောင်ကောင်သားအားလုံးအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သ

(GMT+08:00)2022-07-01 13:16:50  

       ဟောင်ကောင်ဒေသ အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ရောက်ရှိသည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမ အကြိမ်မြောက် အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဟောင်ကောင်ပြပွဲစင်တာ၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

        ရှီကျင့်ဖိန်က ရှေးဦးစွာ ဟောင်ကောင်သားအားလုံးအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သပြီး တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို ဦးဆောင်ပြီး နှစ်တစ်ရာ ကြိုးပမ်းဆောင်ရွက်မှုသမိုင်းတွင် ဟောင်ကောင်သားများ၏ အရေးကြီးသော အထူး အကျိုးပြု ဆောင်ရွက်မှုလည်းပါဝင်ကြောင်း၊ သမိုင်းတစ်လျှောက်တွင် ဟောင်ကောင်မွေးချင်းပေါက်ဖေါ်များသည် အမိနိုင်ငံနှင့် တစ်လှေထဲစီးပြီး သွေးကြောများ ချိတ်ဆက်ထားကြောင်း ပြောကြားသည်။