ကမ္ဘာကြီး ရှုပ်ထွေးအောင် လုပ်ချင်တဲ့ နေတိုး

(GMT+08:00)2022-07-01 09:19:55  

   ဇွန်လ ၂၉ ရက်နေ့က နေတိုးအဖွဲ့ မက်ဒရစ် ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်ခဲ့တဲ့ မဟာဗျူဟာ စာတမ်းမှာ “တရုတ်နိုင်ငံက ဥရောပ-အတ္တလန္တိတ် ဒေသ အစီအစဉ်ဆိုင်ရာ စိန်ခေါ်မှု ဖြစ်စေကြောင်း” တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် ပုတ်ခတ် ပြောဆိုခဲ့ပါတယ်။ အဲဒါဟာ နေတိုးအဖွဲ့က အဖြူကို အမည်း ဖြစ်အောင် ပြောပြီး စိတ်ကူးယဉ် ရန်သူနဲ့ ထိတ်တိုက်ရင်ဆိုင်မှုကို ပြုလုပ်တဲ့ သက်သေ နောက်ထပ်တစ်ခု ဖြစ်ပြီး စစ်အေးဝါဒီ ဖြစ်တဲ့ နေတိုးအဖွဲ့ကသာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအစီအစဉ်ဆိုင်ရာ စိန်ခေါ်မှု ဖြစ်တယ် ဆိုတာကို ပြသနေပါတယ်။

    တရုတ်နိုင်ငံက အခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ဘယ်တုန်း ကမှ မလုပ်ဖူးပါဘူး၊ လက်တံရှည် စီမံအုပ်ချုပ်ခြင်း၊ စီးပွားရေးဆိုင်ရာ အကျပ်ကိုင်ဖိနှိပ်ခြင်း၊ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့ခြင်းတို့ကိုလည်း မပြုလုပ်ပါဘူး၊ ဒီလို ရပ်တည်မှုမျိုးရှိတဲ့ တရုတ်နိုင်ငံဟာ နေတိုးအဖွဲ့အပေါ် အစီအစဉ်ဆိုင်ရာ စိန်ခေါ်မှု ဖြစ်စေတယ် ဆိုတာ ဘယ်လိုရှိနိုင်ပါသလဲ။ နေတိုးအဖွဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးသဘောဖြစ်တဲ့ အဖွဲ့အစည်းလို့ခေါ်ပေမဲ့ အမှန်တော့ ကတိကဝတ်ကို ချိုးဖောက်ပြီး အရှေ့ဘက်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် တိုးချဲ့၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လျစ်လျူရှုပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံများကို တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ပွဲများ ဆင်နွှဲနေတဲ့ စစ်မှန်တဲ့ “ကျူးကျော်ရေးအဖွဲ့အစည်း” တစ်ခုပဲ  ဖြစ်လာပါပြီ။

    ဘယ်သူက လုံခြုံရေးအပေါ် စိန်ခေါ်မှု ပြုနေသလဲ၊ ဘယ်သူက ငြိမ်းချမ်းရေးအပေါ် ခြိမ်းခြောက်မှု ဖြစ်စေနေသလဲ ဆိုတာနဲ့ပတ်သက်ပြီး အဖြစ်မှန်များက အဖြေပေးလိုက်ပါပြီ။ နေတိုးအဖွဲ့က ဥရောပ ရှုပ်ထွေးအောင် ပြုလုပ်ခဲ့ပြီး အာရှ ပစိဖိတ်ဒေသနဲ့ ကမ္ဘာကြီး ရှုပ်ထွေးအောင်လည်း ပြုလုပ်ဖို့ မကြံစည်ပါနဲ့လို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။