ရှီကျင့်ဖိန်သည် လီကာချူနှင့် တွေ့ဆုံ

(GMT+08:00)2022-07-01 16:24:22  

   တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁ ရက်နေ့ နံနက်ပိုင်းက ဟောင်ကောင် ၌ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးသစ် လီကာချူနှင့် တွေ့ဆုံခဲ့ ပါသည်။

   ရှီကျင့်ဖိန်က လီကာချူ အုပ်ချုပ်ရေးမှူးအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ဝတ္တရားများကို သစ္စာစောင့်သိရိုသေစွာ ဖေါ်ဆောင်ပြီး အထူးအုပ်ချုပ်ရေးဒေသ အစိုးရကို ဦးဆောင်ကာ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မူဝါဒနှင့် အခြေခံဥပဒေများကို ဘက်စုံ တိကျမှန်ကန်စွာ အကောင်အထည်ဖေါ်ဆောင်ရန်၊ ဟောင်ကောင် အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် စည်းလုံးညီညွတ်ပြီး လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ကာ ဟောင်ကောင် ၏ တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး လက်တွေ့ဖေါ်ဆောင်ခြင်းဆိုင်ရာ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန် မျှော်လင့်ကြောင်း၊ လီကာချူနှင့် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသစ်က ဥပဒေနှင့်အညီ နိုင်ငံရေးစီမံခန့်ခွဲခြင်းကို ဗဟိုအစိုးရက အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း၊ မိမိတို့သည် လီကာချူနှင့် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသစ်အပေါ် ယုံကြည်စိတ်အပြည့်အဝရှိပြီး ဟောင်ကောင်၏ အနာဂတ်ရေးအပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိကြောင်း ပြောကြားပါသည်။

  လီကာချူက ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဗဟိုအစိုးရမှ ယုံကြည်ခြင်းအတွက် ကျေးဇူး တင်ရှိကြောင်း၊ မိမိသည် အထူးအုပ်ချုပ်ရေးဒေသအစိုးရကို ဦးဆောင်ပြီး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကာ နိုင်ငံရေး စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခန်း ကဏ္ဍသစ်ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။