ဗဟိုအစိုးရ၏ ဘက်စုံအုပ်ချုပ်မှုအာဏာနှင့် အထူးအုပ်ချုပ်ရေးဒေသ၏ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပေါင်းစည်းခြင်းကို စွဲကိုင်ရမည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-07-01 13:30:33  

ဇူလိုင်လ ၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟောင်ကောင် အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမအကြိမ်မြောက် အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် ဗဟိုအစိုးရ၏ ဘက်စုံအုပ်ချုပ်မှုအာဏာနှင့် အထူး အုပ်ချုပ်ရေးဒေသ၏ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ပေါင်းစည်းခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ဤတစ်ချက်ကိုလုပ်မှသာ အထူးအုပ်ချုပ်ရေးဒေသကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။