ဖုန်လိယွမ်သည် ဟောင်ကောင် ရှီးကျူ ယဉ်ကျေးမှုဇုန်ရှိ အော်ပရာစင်တာသို့ လေ့လာ ကြည့်ရှု

(GMT+08:00)2022-07-01 19:16:42  

   ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ဟောင်ကောင်ဒေသ ရှီးကျူ ယဉ်ကျေးမှုဇုန်ရှိ အော်ပရာစင်တာသို့ သွားရောက်ပြီး ယဉ်ကျေးမှုဇုန်၏ အခြေအနေနှင့် ဖွံ့ဖြိုးရေးလမ်းစဉ်ကို လေ့လာ ကြည့်ရှုခဲ့ပါသည်။ ဖုန်လိယွမ်သည် ချာကွမ် ဇာတ်ရုံ၌ ကွမ်တုန်း အော်ပရာ ဇာတ်တိုက် လေ့ကျင့်မှုကို ကြည့်ရှုခဲ့ပြီး ရိုးရာစက္ကူအလှ လက်မှုပစ္စည်းများ ပြုလုပ်နေသည့် လူငယ်များနှင့်လည်း ခင်မင်ရင်းနှီးစွာ ထွေရာလေးပါး ပြောခဲ့ကြသည်။