နေတိုးအဖွဲ့သည် အမေရိကန်က ဥရောပကိုထိန်းချုပ်ရန် ကိရိယာဖြစ်ပြီး ဖျက်သိမ်း သင့်ဟု ပြင်သစ် ပညာရှင်ဆို

(GMT+08:00)2022-06-30 15:21:33  

ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေးကို စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပလျက်ရှိသည်။ မကြာခင်က ပြင်သစ် နိုင်ငံရေး ပညာရှင်၊ ပြင်သစ် ထောက်လှမ်းရေးသုတေသနစင်တာဥက္ကဋ္ဌ အဲရစ်က်-ဒယ်နက်ဆက်က နေတိုးအဖွဲ့သည် စစ်အေးခေတ်က ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံက ဥရောပကို ထိန်းချုပ်ရန် ကိရိယာဖြစ်၍ စောစောကပင် ဖျက်သိမ်းသင့်ကြောင်း၊ ယူကရိန်း ပြဿနာ၊ ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးအဖွဲ့သို့ ဝင်ရောက်ရေးကိစ္စသည် ယခုအကြိမ် နေတိုးအဖွဲ့ ထိပ်သီး အစည်းဝေးတွင် အဓိကထား ဆွေးနွေးသည့် အကြောင်းကိစ္စ ဖြစ်ပြီး မိမိ၏အမြင်အရ ယင်းသည် ရုရှားနိုင်ငံအား ရန်စမှုဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း၏ လုံခြုံရေးအခြေအနေအတွက် အကျိုးမရှိကြောင်း ပြောခဲ့သည်ဟု China Media Group မှ သတင်းထောက်အား ပြောကြားသည်။