သီရိလင်္ကာရှိ ဘိန်းဖြတ်စင်တာတစ်ခုတွင် လူ၆၀၀ခန့် ထွက်ပြေး

(GMT+08:00)2022-06-30 15:30:27  

ဒေသစံတော်ချိန် ဇွန်လ ၂၉ ရက်နေ့က သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း Polonnaruwa ရှိ အတင်းအဓမ္မ ဘိန်းဖြတ်ခံရသူများကို ချုပ်နှောင်ထိန်းသိမ်းထားသော ဘိန်းဖြတ်ရေးနှင့် ပြန်လည်ကျန်းမာလာရေး စင်တာတစ်ခုတွင် သိမ်းသွင်းလက်ခံခြင်းခံထားရသူ အုပ်စု(၂)စုအကြား အချင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် သိမ်းသွင်းလက်ခံခြင်းခံထားရသူ ၆၀၀ခန့်သည် ထွက်ပြေးခဲ့ကြကြောင်း၊ ဒေသခံရဲဌာန ပြောရေးဆိုခွင့်ရှိသူက အခြေအနေကို ထိန်းချုပ်ရန်အတွက် စစ်တပ်နှင့် ရဲတပ်တို့ကို အဆိုပါစင်တာ၌ ချထားပြီဖြစ်ပြီး ထွက်ပြေးသူများကို စတင်လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ယင်းစင်တာ ထဲတွင် ကျန်ရစ်သော သိမ်းသွင်းလက်ခံခြင်းခံထားရသူ ၄၀၀တို့သည် စစ်တပ်နှင့်ရဲတပ်တို့မှ ဝင်ရောက်မှုကို တားဆီးနေကြောင်း၊ လက်ရှိ အချိန်တွင် ယင်းစင်တာအနီးတစ်ဝိုက်ဒေသကို ပိတ်ပင်ထားပြီဖြစ်ပြီး အနီးတစ်ဝိုက်ဒေသ၏ လုံခြုံရေးဆောင်ရွက်ချက်ကို ပိုမို အားဖြည့်ထားပြီဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။