အိန္ဒိယနိုင်ငံ၏ ဒုသမ္မတ ရွေးကောက်ပွဲ သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပမည်

(GMT+08:00)2022-06-30 15:19:45  

 ယခုနှစ် ဒုသမ္မတရွေးကောက်ပွဲကို သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပမည်ဟု အိန္ဒိယ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်သည် ၂၉ ရက်နေ့က ကြေညာခဲ့ပါသည်။ လက်ရှိ ဒုသမ္မတ ဗင်ကာယာ နိုင်တူ၏ ဒုသမ္မတသက်တမ်းမှာ သြဂုတ်လ ၁၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပါသည်။ အမည်စာရင်း တင်သွင်းရန် နောက်ဆုံးရက်မှာ ဇူလိုင်လ ၁၉ ရက်နေ့ဖြစ်ပြီး အထက်နှင့်အောက်လွှတ်တော်အမတ်များက ရွေးကောက်ပွဲ တွင် မဲပေးကြမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဖော်ပြပါသည်။