အမေရိကန် Texas ပြည်နယ် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ သေဆုံးမှုတွင် လူ ၅၃ ဦးထက်မနည်း သေဆုံး

(GMT+08:00)2022-06-30 15:22:18  

ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့က အမေရိကန် Fox News သတင်းအရ Texas ပြည်နယ် San Antonio မြို့တွင် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများ သေဆုံးမှုတွင် လူ ၅၃ ဦးထက်မနည်း သေဆုံးခဲ့ပြီဟု သိရသည်။ San Antonio  နယ်မြေလုံခြုံမှု စုံစမ်းရေးဆိုင်ရာ ယာယီအေးဂျင့်တစ်ဦးက ယခုအကြိမ် လူကုန်ကူးမှု အရေးအခင်းသည် အမေရိကန်တွင် တွေ့ဖူးသမျှ၌ အဆိုးရွားဆုံးတစ်ကြိမ်ဖြစ်ကြောင်း၊ ၄င်းလူကုန်ကူးမှု ဂိုဏ်းအဖွဲ့များသည် ပိုမိုအကြမ်းဖက်လာပြီး၊ ရွှေ့ပြောင်းအခြေချသူများကို ကုန်စည်အဖြစ် သဘောထား ပြုလုပ်ကြကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။