ယူကရိန်းအား စတာလင်ပေါင် ၁ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီများကို နောက် ထပ်တစ်ကြိမ် ထောက်ပံ့ရန် ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

(GMT+08:00)2022-06-30 15:28:51  

ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့က စပိန်နိုင်ငံမြို့တော် မက်ဒရစ်တွင် ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် သည် ယူကရိန်းအား စတာလင်ပေါင် ၁ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီများကို နောက်ထပ်တစ်ကြိမ်ထောက်ပံ့ရန် ကတိပြုခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ တွင် ယူကရိန်းအား ဗြိတိန်မှ စစ်ရေးထောက်ပံမှုမှာ စတာလင်ပေါင် ၂.၃ ဘီလီယံထိ တိုးလာပြီ ဖြစ်ပြီး ယခုအကြိမ်ထောက်ပံ့မှုတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ မောင်းသူမဲ့ လေယာဉ်များနှင့် အီလက်ထရွန်နစ်စစ်ရေးပစ္စည်းများ သုတေသနပြုရန် အသုံးပြုမည် ဖြစ်ကြောင်း သိရပါသည်။