အိန္ဒိယနိုင်ငံAssamပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၁၅၁ ဦးအထိ မြင့်တက်လာ

(GMT+08:00)2022-06-30 15:23:31  

ဒေသစံတော်ချိန်ဇွန်လ ၂၉ ရက်နေ့၌ အိန္ဒိယနိုင်ငံAssamပြည်နယ်တွင် ရေကြီးရေလျှံမှု အခြေအနေပိုမိုဆိုးရွားလာပြီးဒေသ ၁၀ ခုတွင် သေဆုံးသူ ၁၂ ဦးအသစ်တိုးလာကြောင်းသိရသည်။ လက်ရှိအချိန်တွင် ယင်းပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၁၅၁ ဦးအထိရှိလာပါပြီ။ Assamပြည်နယ်ရှိဒေသ ၂၆ ခုတွင် ရေကြီးမှုဒဏ်ခံနေရသူ ၃ ဒသမ ၁၅ သန်းကျော်ရှိပြီးလူ ၃သိန်းကျော်သည်ကယ်ဆယ်ရေးစခန်း ၈၄၀ တွင် ခိုလှုံနေရဆဲဖြစ်ကာကောက်ပဲသီးနှံ ၉၁၃၄၉ ဒသမ ၂၆ ဟက်တာရေနစ်မြုပ်ခဲ့ကြောင်းAssamပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကပြောကြားသည်။