သိပံ္ပနည်းပညာကို ကိုယ့်လက်ထဲတွင် စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-06-30 15:15:09  

  ယခုလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟူပေပြည်နယ် ဝူဟန့်မြို့ ဟွာကုန် လေဆာ အင်ဂျင်နီယာ ကော်ပိုရေးရှင်းသို့ သွားရောက်ပြီး သိပံ္ပ နည်းပညာ ဆန်းသစ်တီထွင်ခြင်း၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများကို လေ့လာကြည့်ရှုခဲ့ပါသည်။

  ရှီကျင့်ဖိန်က တရုတ် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် အဆင့် မြှင့်တင်ရေးကို တွန်းအားပေးပြီး ကုန်ထုတ်လုပ်မှု အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်လိုပါက နည်းပညာ သုတေသနလုပ်ငန်းကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပိုမိုများပြားသော ကိုယ်ပိုင်ပညာမူပိုင်ခွင့်ရှိသည့် အမြုတေကျသည့် နည်းပညာကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး  သိပံ္ပနည်းပညာကို ကိုယ့်လက်ထဲတွင် စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ဝူဟန့် ဟွာကုန် လေဆာ အင်ဂျင်နီယာ ကော်ပိုရေးရှင်းသည် ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လေဆာလုပ်ငန်းတွင် အရေးကြီး လုပ်ငန်းစဉ်များနှင့် အရေးကြီး သိပံ္ပနည်းပညာစီမံကိန်းများ လေ့လာဖေါ်ထုတ်ရေး လုပ်ငန်းတာဝန်ကို ထမ်းဆောင် နေပါသည်။

   ရှီကျင့်ဖိန်သည် ကော်ပိုရေးရှင်း၏ သုတေသန တိုက်ကြီး၊ လေဆာ သိပံ္ပနည်းပညာ ပြတိုက်နှင့် လေဆာ အင်တက်လစ်ဂျင် တပ်ဆင်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံသို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ပြီး အမြုတေ နည်းပညာ သုတေသနပြု ထုတ်လုပ်ရေး အခြေအနေကို ကြားနာ၍ ချစ်ပြားထုတ်လုပ်မှု ဆန်းသစ်တီထွင်ရေး အောင်ကျိုးရလဒ်များ ပြပွဲနှင့် လေဆာနည်းပညာ ကုန်ထုတ်လုပ်မှု ပြပွဲများကိုလည်း ကြည့်ရှုခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။