အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ နောက်ထပ်တစ်ကြိမ် ခရီးလှည့်လည်

(GMT+08:00)2022-06-30 15:24:20  

ဇွန်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အာဆီယံအဖွဲ့မှ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးပရတ်ဇိုကွန်သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် ခရီးလှည့်လည်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများသည် လေဆိပ်သို့သွားရောက် ကြိုဆိုခဲ့ကြကြောင်း၊ ကမ္ဘောဒီးယားဘက်မှ ထုတ်ပြန်သောသတင်းများအရ ပရတ်ဇိုကွန်သည် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ခရီးလှည့်လည်မည်ဖြစ်ပြီး မြန်မာ- အာဆီယံ သဘော တူညီချက် ၅ ရပ်နှင့် လူသားချင်းစာနာထောက်ထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာဘက်တို့နှင့် ဆွေးနွေးကြမည်ဖြစ်ကာ ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ကြမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။