ရုရှားဟက်ကာများသည် နော်ဝေး ဌာနအများအပြား၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်

(GMT+08:00)2022-06-30 15:24:54  

နော်ဝေးအသံလွှင့်နှင့်ရုပ်မြင်သံကြားကော်ပရေးရှင်းမှ ဇွန်လ ၂၉ ရက်နေ့ သတင်း အရ ရုရှားဟက်ကာအဖွဲ့ Killnet မှ ဇွန်လ ၂၉ ရက်နံနက်ပိုင်းတွင် နော်ဝေးနိုင်ငံကို တိုက်ခိုက်မည်ဟု ကြေညာခဲ့ကြောင်း၊ Killnet အဖွဲ့က ၎င်းတို့သည် ရဲဌာန၊ BankID၊ ဒစ်ဂျစ်တယ် ကောင်စီနှင့် အခြားနော်ဝေးနိုင်ငံ၏ ဝက်ဘ်ဆိုက်များနှင့် ဝက်ဘ်ဝန်ဆောင်မှုများကို တိုက်ခိုက်မည်ဟု ဆိုခဲ့ကြောင်း၊ လက်ရှိအချိန်အထိ နော်ဝေးလုပ်သား ကြီးကြပ်ရေးဌာနက ၎င်းသည် ဟက်ကာတိုက်ခိုက်မှုခံခဲ့ရသည်ဟု အတည်ပြု ဖေါ်ပြခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။