ရှီကျင့်ဖိန်သည် ဟောင်ကောင် အနောက်ကိုလွန် မြန်နှုန်းမြင့်ရထားဘူတာတွင် ကျင်းပသော ကြိုဆိုပွဲ အခမ်းအနား၌ မိန့်ခွန်း ပြောကြား

(GMT+08:00)2022-06-30 16:26:15  

 ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အနောက်ကိုလွန် မြန်နှုန်းမြင့်ရထားဘူတာတွင် ကျင်းပသော ကြိုဆိုပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် ၂၅ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမ အကြိမ်မြောက် အစိုးရ တာဝန်ထမ်းဆောင်ရေး အခမ်းအနားသို့ တက်ရောက်ရန်နှင့် ဟောင်ကောင်၌ လည်ပတ်ကြည့်ရှုရန် ၃၀ ရက်နေ့ ညနေပိုင်းက အထူးရထားဖြင့် ဟောင်ကောင်သို့ ရောက်ရှိခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။