အမေရိကန်နှင့် အာဖဂန်တာလီဘန်တို့သည် ဒိုဟာမြို့တွင် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-06-30 15:17:47  

အာဖဂန်ယာယီအစိုးရ ယာယီနိုင်ငံခြားရေးဝန်ကြီး Manouchehr Mottaki ဦးဆောင်သော အာဖဂန်တာလီဘန်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၉ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တော်သို့ လေယာဉ်ဖြင့် သွားရောက်ပြီး အမေရိကန်အရာရှိများနှင့် ဆွေးနွေးပွဲကျင်းပကာ အမေရိကန်နိုင်ငံမှ ချိတ်ပိတ်ထားသော အမေရိကန်ဒေါ်လာ ၉ ဘီလီယံရှိ အာဖဂန်ဗဟိုဘဏ်၏ ငွေကြေး ပြန်လည် လည်ပတ်စေရေးပြဿနာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ၄င်းမှာ နှစ်ဦးနှစ်ဖက်တို့မှ ယခုနှစ် မေလမှစ၍ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး နှစ်ဦးနှစ်ဖက်တို့သည် ချိတ်ပိတ်ခံထားရသော အာဖဂန်ဗဟိုဘဏ်၏ ငွေကြေး ပြန်လည် လည်ပတ်စေရေး စနစ်တည်ဆောက်ရန် နှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။ ယခုနှစ် ဇွန်လ ၂၂ ရက်နေ့က အာဖဂန် နိုင်ငံတွင် နှစ် ၂၀ ကျော်အတွင်းတွင် အပြင်းထန်ဆုံးသောမြေငလျင်ကြီးနှင့် ကြုံတွေ့ ခဲ့ရပြီး လူ ၁၅၀၀ ကျော် သေဆုံးကာ ၂၀၀၀ ကျော် ဒဏ်ရာရရှိသဖြင့် ငွေကြေး ထောက်ပံ့မှု အလွန်လိုအပ်နေပါသည်။