လစ်ဗျား-ချဒ် နယ်စပ်မှ သဲကန္တာရတွင် အလောင်း ၂၀ တွေ့ရှိ

(GMT+08:00)2022-06-30 15:20:55  

လစ်ဗျားနိုင်ငံပြည်တွင်းမှ ချဒ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်ရာ သဲကန္တာရဒေသတွင် ရုပ်အလောင်း ၂၀ ကို တွေ့ရှိပြီး ၄င်းတို့အနက် လစ်ဗျားနိုင်ငံသား ၂ ဦး ပါရှိကာ အခြား သေဆုံးသူများသည် ချဒ်နိုင်ငံမှ လစ်ဗျားနိုင်ငံသို့ ဝင်ရောက်လာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း၊ သေဆုံးသူများ၏ မိုဘိုင်းဖုန်းကိုစစ်ဆေးပြီးနောက် အဆိုပါ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လွန်ခဲ့သည့် ၂ ပတ်ခန့်က သဲကန္တာရထဲတွင် မျက်စိလည်၍ သေဆုံးသွားသည်ကို ခန့်မှန်းထားကြောင်း လစ်ဗျား အစိုးရက ကြေညာခဲ့သည်ဟု လစ်ဗျားမီဒီယာမှ ၂၉ ရက်နေ့က သတင်းအရ သိရပါသည်။