ဘိုင်ဒန်သည် အမေရိကန်ကို မှားယွင်းသောလမ်းကြောင်းပေါ်သို့ ဦးဆောင်နေသည်ဟု ၇၈ ရာခိုင်နှုန်းရှိ အမေရိကန်ပြည်သူများ ယူဆ

(GMT+08:00)2022-06-30 15:28:15  

  ဒေသစံတော်ချိန် ယခုလ ၂၉ ရက်နေ့က အမေရိကန် Morning Consult အတိုင်ပင်ခံကုမ္ပဏီနှင့် နိုင်ငံရေးသတင်းစာ Politico တို့ ပူးတွဲပြုလုပ်သော ပြည်သူ့ ဆန္ဒ စစ်တမ်းကောက်ယူမှု ရလဒ် အရ အမေရိကန်သမ္မတဘိုင်ဒန်သည် အမေရိကန်ကို မှားယွင်းသော လမ်းကြောင်း ပေါ်သို့ ဦးဆောင်နေသည်ဟု ၇၈ ရာခိုင်နှုန်းရှိ အမေရိကန်ပြည်သူများက ယူဆကြောင်း သိရပါသည်။

အမေရိကန်ပြည်သူများအတွက် မျက်မှောက်အချိန်တွင် အရေးကြီးဆုံး ပြဿနာများမှာ ငွေကြေးဖောင်းပွမှု၊ စီးပွါးရေးနှင့်ရာဇဝတ်မှု ဖြစ်ပြီး ဘိုင်ဒန် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်တက်လာခြင်း၊ အာဖဂန်မှ တပ်ဖွဲ့များ ဆုတ်ခွာခြင်း၊ တရားမဝင်လူဝင်မှုနှင့် စံချိန်အမြင့်ဆုံး ဖြစ်လာသော ဓါတ်ဆီဈေးနှုန်း ပြဿနာများဖြစ်ကြောင်း၊ ဖြေကြားသူအများစုက ဘိုင်ဒန် သည် သမ္မတရာထူး တာဝန်ထမ်းဆောင်ရန် မသင့်လျော်ဟု ယူဆပြီး ဘိုင်ဒန်၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်ကြောင်း ဖြေကြားသူ ၅၈ ရာခိုင်နှုန်းသည် ၄င်း၏ စိတ်ပိုင်းကျန်းမာရေး အခြေအနေကို ကြေညာသင့်သည်ဟု ယူဆကြသည်။