ဥရောပ အနုပညာပြပွဲမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာများ လုယက်ခံရ

(GMT+08:00)2022-06-30 15:18:30  

ဒေသစံတော်ချိန် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက နယ်သာလန်နိုင်ငံ Maastricht မြို့တွင် ကျင်းပသော ဥရောပ အနုပညာပြပွဲ(TEFAF)၌ လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ အမျိုးသား ၄ ဦးသည် လက်နက်များကို ကိုင်ဆောင်ပြီး ၎င်းတို့ထဲမှတစ်ဦးက မှန်ပြခန်းကို လေးထောင့်တုံးဖြင့်ရိုက်ခွဲကာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိ ကျောက်မျက်ရတနာများကို လုယက်ခဲ့ပါသည်။